ငါ•••••ရေချိုးခန်းထဲမှာ••
~~~~~~~~~~~~~~
{စ/ဆုံး}
>>>>>>>>><<<<<<<<<<<<<<<<<<
{၁}
•••••ဒေါ်မြချစ်•••
ဒေါ်မြချစ်ဆိုတာ ဒီအမှတ်{၃}ရပ်ကွက်တွေ နာမည်ကြီးသည်
ချစ်သူခင်သူပေါသလို မလိုသူမုန်းသူတွေလည်း ပေါတဲ့
ချစ်မုန်းကြီးဆိုကမှားအံ့မည်မထင်။
ပြီးတော့ကင်းအောင်လည်းနေနိုင်ကြတာမဟုတ်။
အဘယ်ကြောင့်ဆိုသော် ဒေါ်မြချစ်သည် တစ်ကိုယ်တည်း
အပျိုကြီး တစ်ကိုယ်တည်းဘဝမှာ ပိုလျှံနေသော ပိုက်ဆံများ ပွားသည်
ထက်ပွားအောင် ရပ်ကွက်ထဲတွင်ငွေတိုးချေးစားလေသည်။
ဒေါ်မြချက်ပုံစံက ငွေတိုးချေးစားသော အပျိုကြီးပီပီ ဆံထုံးကိုဟန်ပါပါ သုံးကာ သာမန်ထက်ကြီးသောလက်ပွေ့အိတ် ကိုချိုင်းကြားညှပ်
ဒေါက်ဖိနပ်ကြီးစီးကာ
ဝတ်ထားသော ရွှေများက လက်ကောက်ဝတ် လက်နှစ်ဖက်လုံးတစ်တောင်ဆစ်ရောက်တယ်ပြောနိုင်သည်။
လည်ပင်းမှ ပုတီးကြီးက ဘယ်နှကျပ်သားရယ်မသိ။
နံဘေးမှကြည့်သူပင် သူ့အစားညောင်းယူရသည်။
စိန်နားကတ်ကြီးးးအရောင်ကလည်းးး
မိတ်ကပ်အဖွေးသားနဲ့သူ့ပါးကို ပိုပြောင်စေလေသည်။
ငွေတိုးချေးစားတယ် ဆိုလို့အထင်မသေးလေနှင့်။
တော်ရုံလုပ်ငန်းရှင်များပင် သူ့နှင့်မကင်းပေ။
မနက်ဆို ထုံးစံအတိုင်း လက်ပွေ့အိတ်ကြီး တစ်လုံးနှင့်
အတိုးသိမ်းဖို့ အိမ်မှစထွက်ပြီ။
အိမ်မှာက အိမ်မှုကိစ္စအတွက်တောမှသဲနုဆိုသောခပ်နုံနုံ
ကောင်မလေးတစ်ယောက်ငှားထားလေသည်။
လစာနည်းနည်းလေးပေးကာ
ချယ်လှယ် သမျှ အဆင်ပြေအောင်
စိတ်ကြိုက်ရွေးထားတာ။
အပျိုကြီးဒေါ်မြချစ်ကတစ်ကောင်ကြွက်တော့ မဟုတ်ပါ။
ဆွေမျိုး အရင်းအခြာတွေလည်းရှိပါသည်။
ဒါပေမယ့်အပျိုကြီးက ကံတရားနဲ့ဝေးဝေးမှာ
နေသည် ထင်၍လားမသိ။
မပြေလည်သော အမျိုးတွေဆိုအိမ်ရိပ်ပင်အနင်းမခံပေ။
ငွေကုန် မယ့်ကိစ္စဆို ဝေးဝေးကရှောင်သည်။
ဒါပေမယ့်ထိုက်သင့်သော
အတိုးဖြင့် ချေးငှားပါ က မျက်နှာကဖော်ရွေသည်။
ခုလည်းးးးမနက်ကတည်းက တစ်အိမ်တက်တစ်အိမ်ဆင်း
အတိုးသိမ်းလာရာ
မသိမ်းတိုးတို့အိမ်ရှေ့ရောက်တော့ ညနေငါးနာရီ။
မနက်ကတည်းကဆိုလို့တောက်လျှောက် အကြွေးချည်းသိမ်းလာတာ
မဟုတ်ပါ။
ဈေးထဲတွင် ရွှေဆိုင်ဖွင့်ထားတာ မို့သွား
ထိုင်ရသေးသည်။
ကားကဝယ်မည်ဆိုလျှင်တစ်စီးမက ဝယ်နိုင်ပေမယ့်
ဒရိုင်ဘာ ဌားရင်လူပိုမည်။ အပိုဗာဟီရကိစ္စတွေမများရအောင်
တမင်မဝယ်တာ ဖြစ်သည်။
ခြံဝရောက်တော့ မျက်နှာ ပိုတင်းပစ်လိုက်သည်။
တကယ်တော့မသိမ်းတိုးဆိုတာ
သူစိမ်းတွေတော့မဟုတ်ပါ။
သူမအစ်ကိုအကြီးဆုံးရဲ့မိန်းမ။
သူမအစ်ကိုရှိစဉ်က ပွဲရုံလုပ်ငန်းနဲ့အဆင်ပြေပေမယ့်
ပွဲရုံခေတ်ကျလာတော့
သူမဆီကငွေတိုးချေးကာ
လိုက်လေဆုံးလေ့ဖြစ်ကာ နောက်ဆုံးပွဲရုံပင်သူ
များလက်အပ်လိုက်ရသည်။
ဒါကြောင့်ပင်စိတ်ကျလူကျဖြစ်ကာ
ကွယ်လွန်တော့ ဇနီးနှင့် ပညာရေးဆုံးခန်းမတိုင်သေးသော သမီးလေး
ကို ထားခဲ့သည်။
အကြွေး က တခြားလူများကိုရှိသမျှအတွင်းပစ္စည်းများထုခွဲကာ
ဆပ်လိုက်ပေမယ့်
ဒေါ်မြချစ် ဆီမှာတော့ကျန်ခဲ့သည်။
အစ်ကိုလျှော်ပစ်လိုက်ဖို့ဆိုတာကလည်း
အကြွေးကသိန်းဂဏန်းမဟုတ်ရာဂဏန်းးး။
ကိုယ့်ပိုက်ဆံဆိုံတစ်ကျပ်ဆောင်ရွက်သော ဒေါ်မြချစ်မှာ အစ်ကိုဆုံးတာ
လည်းတစ်နှစ်ရှိပြီ။ အကြွေးကလည်းတစ်ပြားမှမရဖြစ်လာသော အခါ
မရီးလော။တူမလော မသိနိုင်တော့
ပြောဆိုထား၍လည်းကုန်ပြီ။
ဒီတစ်ခါမရရင်တော့ဒီအိမ်ထက်ကနှင်ချတော့မည်။
အတွေးနှင့် လူခေါ်ဘဲလ်ပင်မနှိပ်ဘဲ အိမ်ထဲခပ်တင်းတင်းဝင်လိုက်သည်။
ကြက်မွေးဖြင့်ဖုန်သုတ်နေသော
ချစ်နုငယ်က ဒေါ်မြချစ်ကိုမြင်သည်နှင့်
"""ဒေါ်လေးးးဟို"""
"""ဘာမှအပိုလုပ်မနေနဲ့ ဘယ်မှာ လဲညည်းအမေ"""
ချစ်နုငယ်နောက်ဖေးဘက်ကြည့်၍
""မေမေ နောက်မှာ ပါဟိုအကြွေးကိစ္စဆိုရင်
နုငယ်နဲ့ပြောရအောင်နော်
မေမေနေသိပ်မကောင်းလို့"""
"""ညည်းအပိုတွေပြောမနေနဲ့ဒီတစ်ခါဒီကိစ္စ
ကိုအပြတ်ရှင်းမှာ""""
ချစ်နုငယ်က ဒေါ်မြချစ်ရှေ့ဒူးထောက်လိုက်ကာ
"""တကယ်ပါဒေါ်လေးရယ် နုငယ်ဒီတစ်နှစ်ပြီးးရင်ဘွဲ့ရတော့မှာပါ
ပြီးရင် နုငယ်အလုပ်လုပ်ပြီး အကြေဆပ်ပါ့မယ်"""
"""ဒီမှာ နုငယ် ညည်းဘွဲ့ရရုံနဲ့ ဒီသိန်းတစ်ရာ ကျော်နေတဲ့အကြွေးကကျေမှာမို့လား
ညည်းရုပ်နဲ့ာည်းခန္ဓာရောင်းဆပ်တောင်မကျေဘူးမှတ်"""
ဒေါ်မြချစ်စကားအဆုံးးးးးး
""""ဖြန်းးးးးးး"""
ဘယ်အချိန်ကရောက်နေမှန်းမသိသော ဒေါ်သိမ်းတိုးလက်ဝါးချက်ကြောင့်
ဒေါ်မြချစ်မှာ ဟန်ချက်ပျက်သွားလေသည်။
'"""ရှင်မြဲမြဲမှတ်ထား မမမြ ရှင့်အကြွေးးမဆပ်နိုင်တာ နဲ့ကျွန်မ
သမီးကိုဒီလိုပြောဖို့မလိုဘူး
ဒါရှင့်တူမ ရှင့်အစ်ကိုသမီးပါ"""
ဒေါ်သိမ်းတိုးမှာ ဒေါသကြောင့်တဆတ်ဆတ်တုန်ယင်နေလေသည်။
နောက်ဖေးမှဆူဆူ ညံညံအသံကြားလို့ထွက်လာတာ
ဟင်းရွက် လှီးနေသော ဓားပင် ချမထားမိလိုက်။
စားပွဲပေါ်ဓားတင်ထားလိုက်ပြီးဒူးထောက်နေသော
သမီးကိုဆွဲထူလိုက်သည်။
"""ထသမီးးးညည်းဒီလိုလုပ်ဖို့မလိုဘူး"""
ဒေါ်မြချစ်က ရိုက်ချက်ကြောင့် မျက်နှာတစ်ချမ်းထူပူသွားတာမို့
နဂိုဒေါသမောင်းတင်လာသော အရှိန်နှင့် ကျားအနာရသလိုဖြစ်ကာ
စူးစူးဝါးဝါးကြည့်လိုက်ရင်း
"""ဒီမှာ သိမ်းတိုးးးညည်းငါ့အစ်ကို ဗိုက်တစ်လုံးနဲ့
မြူမြိုက်ယူလိုက်တာ ငါအပါအဝင်တစ်လောကလုံးသိတယ်
ဒီကောင်မလေးကငါ့တူမပါလို့လက်ခံရအောင်ငါမရူးဘူး
ဒီတော့ ငါဒီအိမ်ကို အကြွေးနဲ့သိမ်းမယ်"""""
"""ဘာ•••ရှင်•••ရှင်••^ကဲ""""
ဒေါ်သိမ်းတိုးးးဒေါသကြောင့် ဒေါ်မြချစ်ခန္ဓာကိုယ်အားးတွန်းထည့်လိုက်ရာ ဆိုဖာပေါ်ပစ်ကျသွားလေသည်။
ထို့နောက်ဆိုဖာပေါ်တင်ထားသော ဖက်ခေါင်းအုံးဖြင့်မျက်နှာပေါ်ဖိချလိုက်သည်။
ဒေါ်မြချစ်မှာ အသက်ရှုကြပ်ကာ ဝူးဝူးဝါးဝါးဖြင့်
ရုန်းကန်လိုက်ရာ ခြေဖြင့်
ကန်မိပြီးဒေါ်သိမ်းတိုးမှာ အရှိန်လွန်ကာ နံရံနှင့် ခေါင်းဆောင့်မိတာကြောင့်
နဖူးစွန်းမှသွေးများဖြာကျလာလေသည်။
ချစ်နုငယ်မှာ အမေ့သွေးကိုမြင်လိုက်တော့မျက်ဝန်းထဲဘာမှမမြင်တော့။
ခုဏအမေတင်ထားသော ဟင်းရွက်လှီးသော စားကို
ကောက်ကိုင်လိုက်ကာ
နေသားတကျပြန်မဖြစ်သေးသော
ဒေါ်မြချစ်ရင်ဝသို့
"""စွပ်••••"""""
"""""အားးးးးးးး"""
အော်သံနက်ကြီးဖြင့် ဆိုဖာပေါ်အရုပ်ကြိုးပြတ်ပုံကျသွားလေသည်။
"""ညည်း•••••ညည်း•••••""""
ချစ်နုငယ်အရူးတစ်ယောက်လိုရယ်လိုက်ကာ
"""ဟားးးးးးးဟားးးးးးးးးး"""""
သတိရနေသေးသော ဒေါ်မြချစ်နားကပ်၍
""ရှင်••သေသင့်တာကြာပြီ"""
"""မ••••မ••လုပ်•••ပါ•••နဲ့•"""""
"""ဟားးးးးဟားးးးဟားးးး"""
တောင်းပန်လိုက်မှပိုဆိုးကာ အချက်ပေါင်းများစွာသော ဓားချက်က
ဒေါ်မြချစ်ရင်ဝထပ်မံစိုက်ဝင်သွားလေသည်။
သွေးများက ဆိုဖာပေါ်မှ ကြမ်းပြင်သို့တိုင် အိုင်ထွန်းနေလေသည်။
ချစ်နုငယ်ဝတ်ထားသော ဖြူသော အင်္ကျီက ခုတော့
နီစွေးနေလေပြီ။
သူမသွေးစွန်းနေသော ဓားကို အရူးတစ်ယောက်လိုစိုက်ကြည့်ရင်း
"""အမေ•••အမေ••••"""
နဖူးထောင့်စွန်း သွေးစီးကြောင်းဖြင့်သတိလစ်နေသော
အမေ့ကိုအရင်ဆွဲထူလိုက်သည်။
"""အမေ သတိရဦးလေ ••အမေ•••အိပ်မနေနဲ့နော်"""
အမေ့ကို ချိုင်းကြားကနေမနိုင့်တစ်နိုင်ချီမကာ
မေမေ့အခန်းထဲပို့ပြီးခေါ့င်းမှဒဏ်ရာကို ဆေးစည်းကာ
ပိပ်ရာပေါ်သိပ်ထားလိုက်သည်။
ထို့နောက်ဧည့်ခန်းပြန်ထွက်လာကာ
တံခါးတွေအလုံပိတ်ကာ မီးဖွင့်လိုက်သည်။
ညနေခြောက်နာရီဆိုတော့•••မကြာမီမှောင်ရိပ်သန်းတော့မည်။
မျက်လုံးကြီးပြူးဝိုင်းကာ
ဆိုဖာပေါ်ငြိမ်သက်နေသော ဒေါ်မြချစ်အလောင်းကို ချိုင်းကြားကနေရေချိုးခန်းဆီဒရွတ်တိုက်ဆွဲလာနိုင်သည်။
ထို့နောက်စတိုခန်းဆီသွားကာ
တူနှင့်သံအချို့ကိုရှာယူ၍ သစ်သားစတစ်ခုနှင့်
ရေချိုးကိုအသေရိုက်ပိတ်လိုက်သည်။
"""ဟင်းးးးး•••ဟင်းးး••အဲဒါရှင်နဲ့တန်တာ
တောင်းပန်နေတုန်းက ရှင်လက်ခံခဲ့သင့်တာ••••
နေခဲ့ ဒေါ်လေး နုငယ်မေ့မေ့ဆီသွားရမယ်""""
သွေးးးညှီနံ့တွေက သည်းမခံနိုင်တာ မို့သူမအခန်းမှရေချိုးခန်းဆီသွားကာ
အဝတ်စနှင့် ရေတစ်ပုံးယူလာခဲ့လိုက်သည်။
ဒေါ်မြချစ်အလောင်းကိုထားတာက အပြင်ရေချိုးခန်း။
နုငယ်အခန်းမှာ ကရေချိုးခန်းနှင့် တွဲလျက်ရှိသည်။
ဆိုဖာနှင့် ရေချိုးခန်းသွားရာ လမ်းတစ်လျှောက်သွေးစီး
ကြောင်းများကို အကုန်ရှင်းပစ်လိုင်သည်။
တစ်ခန်းလုံးအစအနပါမကျန်ရှင်းပြီးချိန်မှာတော့ ညရှစ်နာရီ။
မေမေလည်းမထသေးတာမို့ထမင်းမစားတော့။
ကိတ်ခြောက်နှင့် ရေတစ်ဘူးယူကာ မေမေ့အခန်းထဲပြန်ဝင်လာမိသည်။
"""မေမေ ထတော့ လေ•••သမီးမုန့်စားနေတာ
မေမေအိပ်တာ ကြာလိုက်တာ••••"""
ရေသောက်လိုက်မုန့်စားလိုက်ဖြင့်အရူးတစ်ယောက်လိုတတွတ်တွတ်ပြောရင်း မေ့မေ့ဘေးနားတူတူအိပ်လိုက်သည်။
"""မေမေ့ကိုယ်ကအေးလိုက်တာ••••မေမေနွေးအောင်သမီးဖက်ထားမယ်""""
ပြောရင်းချစ်နုငယ် အမေ့ခန္ဓာကိုယ်အား ပိုတိုးဖက်လိုက်သည်။
~~~~~~~~~~~~~~~~~~~~
{၂}
ဇာတ်သိမ်း
ဒေါ်မြချစ် ၏အိမ်ဖော်မလေးသဲနုမှာ
ညမှောင်လာသည့်တိုင်ပေါ်မလာသော
ဒေါ်မြချစ်အားဧည့်ခန်းတွင်ထိုင်စောင့်ရင်းးးး
မလာနိုင်သည်နှင့်တီဗွီထဖွင့်လိုက်သည်။ဒေါ်မြချစ်အိမ်မှာရှိနေလျှင်
မီတာတက်သည်ဟုဆိုကာတီဗီံဖွင့်တာ သိပ်မကြိုက်။
ဒေါ့်မြချစ်ကွယ်ရာတွင်ခိုးဖွင့်ရသည်။
သဲနုက ရလာမှာ တီဗွီသိပ်မကြည့်ရတာမို့တီဗွီကြိုက်သည်။
ဇာတ်လမ်းထဲတစ်မျောနေရာ အချိန်မည်မျှကြာသည်မသိလိုက်။
"""တီးးးးးတောင်"""တီးးးးတောင်"""
"""ဟင်ဒေါ်ကြီးလာပြီ"""
သဲနုတီဗွီကို ကပျာကယာပိတ်လိုက်ကာ တံခါးဖွင့်ပေးလိုက်သည်။
"""ဟင်•••ဒေါ်ကြီးကိုယ်မှာသွေးတွေ"""
"""ညည်းနှယ်ပေါက်ပေါက်ရှာရှာ ထမင်းခူးချေ ငါထမင်းစားမယ်""""
သဲနုဇဝေဇဝါနှင့်ပြန်ကြည့်လိုက်တော့ ဘာမှမတွေ့ရ။
တက္ကစီလည်းမငှားလာဘူး။ဒီအချိန်ကြီးဘာနဲ့လာပါလိမ့်။
ခုလည်းထူးဆန်းနေသည်။ခါတိုင်းအလွန်အင်မတန်သန့်အပြန့်ကြိုက်သော အကျိုးကြီးက ခုရေပင်မချိုးဘဲထမင်းစား မည်ဟု ဆိုလာသောအခါ••••
"""အင်းလေး သူဆာလို့နေမှာပါလေ""""
သဲနု ထမင်းဟင်းခူးခပ်ပြီးသော အခါ ဒေါ်မြချစ်အားခေါ်လိုက်သည်။
ခါတိုင်းဘယ်လိုပင်ကောင်းအောင်လုပ်ထားစေကာမူ
တစ်ဗျစ်တောက်တောက်နိုင်သော ဒေါ်မြချစ်က
စကားတစ်လုံးမှမဆို ဘဲထမင်းသာငုံ့စားနေလေသည်။
ထို့နောက်အိပ်ရာ တန်းဝင်သွားလေသည်။
မနက်လင်းတော့
သဲနုမှာ ထုံးစံအတိုင်းစောစေည ထကာ
မနက်စာစီစဉ်ထားလိုက်သည်။
ဒေါ်မြချစ်က မနက်စာ ကို ထမင်းကြော်နှင့်ပဲပြုပ်သာစားနေကျ။
ခါတိုင်းလာနေကျအချိန်လာမစားတာ မို့ဒေါ်မြချစ်အခန်းသွားနိုးလိုက်သည်။
"""ဒေါ်ကြီး•••ဒေါ်ကြီးးးး"""
ဘယ်လိုနိုးနိုး မီတာ မို့သဲနုလည်း
ပြန်လာခဲ့လိုက်ကာ ဖုန်သုတ်လှဲကျင်းနေလိုက်သည်။
ထိုစဉ်•••••••
""""တူ•••••••တူ••••••""""""
ဖုန်းမြည်လာတာ မို့သဲနု ဖုန်းကောက်ကိုင်လိုက်သည်။
"""ငါ•••••ရေချိုး•••ခန်း••••ထဲမှာ"""
ထိုမျှသော စကားကို•••
အေးစက်စက်ပြောကာ ဖုန်းပြန်ကျသွားလေသည်။
သဲနုလည်းသိပ်နားမလည်တာ မို့ ဖုန်းပြန်ချထားလိုက်သည်။
သဲနုထမင်းဟင်းချက်ပြုတ်ပြီးသည့်တိုင် ဒေါ်မြချစ်မနက်စာဆင်းလာမစားသေး။
အုပ်ဆောင်းဖြင့် အုပ်ထားသော ထမင်းစားပွဲဖွင့်ကြည့်လိုက်တော့
"""ဟင်••••••""""""
"""ဘယ်တုန်းက လာစားသွားတာလဲ"""""""
ဒီလိုနဲ့ တစ်နေကုန်တော့ ညကအချိန်အတိုင်း အိမ်ပြန်ရောက်လာသည်။
ထူးဆန်းတာ ကအရင်ကလိုစကား ကိုတစ်ဗျစ်တောက်တောက်မဆို။
ထုံးစံအတိုင်းစားပြီးအိပ်ရာ
တန်းဝင်လေသည်။
"""တူ••••တူ•••••"""""
ညဆယ်နာရီကြီးဖုန်းသံကြောင့်သဲနုထလာကိုင်လိုက်သည်။
ဝတ္ထုဖတ်နေတာ မို့ဖုန်းသံကြောင့် ထကိုင်ခြင်းဖြစ်သည်။
"""ငါ••••ရေ•••ချိုးခန်းထဲမှာ••••••"""""""
ဒီတစ်ခါသဲနု ကြက်သီးတွေထ လာတာကြောင့်
ဖုန်းကိုအယောင်ယောင်အမှားမှားလွတ်ချလိုက်သည်။
အိပ်မက်ထဲမှာ ရေချိုးခန်းထဲတွင်ဓားချက်ပေါင်းများစွာဖြင့်အသက်ပျောက်နေသော
ဒေါ်မြချစ်အားတွေ့ရလေသည်။
ဒီလိုနဲ့သုံးရက်မြောက်သော
နေ့တွင်ငွေချေးနေကျဧည့်သည်များ အိမ်ထိရောက်လာကြသည်။
ထိုအခါမှ ဒေါ်မြချစ်မှာ ပျောက်ခြင်းမလှပျောက်နေမှန်း
သိရတော့သည်။
သဲနုမှာ ညကြီးအိမ်ပြန်လာနေသော ဒေါ်မြချစ်အားစဉ်းစားခန်းထုတ်ရတော့သည်။
တီးးးးးတောင်••••တီးးးးးတောင်••••••
သဲနုလူခေါ်ဘဲလ်သံကြောင့်တံခါးကို မဝံ့မရဲ ဖွင့်လှစ်သည်။
"""သဲ နုရေ•••••ဒေါ်မြချစ် ကို ချစ်နုငယ်အိမ်မှာတွေ့လို့တဲ့"""
ဈေးသွားရင်းခင်နေသော ဈေးသည်မသောင်းကလာပြောခြင်းဖြစ်သည်။
သဲနုတို့ချစ်နုငယ်တို့အိမ်ရှေ့ရောက်ချိန်မှာ တော့
ဆာလာအိတ်နှစ်အိတ်နှင့် အလောင်းနှစ်လောင်းက
ကားပေါ်ရောက်နေပြီ။
သနားစဖွယ်ချစ်နုငယ်မှာတော့ လက်ထိတ်တန်းလန်းနှင့်
"""ဒါကြီးဖြုတ်ပေးးးးငါ့အမေအိပ်နေတယ်နော်
ဖြေးဖြေးလုပ်""""
စိတ်မှန်ပုံမရတော့ သော ချစ်နုငယ်မှာ
အော်ငိုလိုက်။အော်ရယ်လိုက်။
"""ရှင်ကြီးသေ••သေ••• ဒါကမှ
ရှင်နဲ့ထိုက်တန်တာ•••ပြောဦးလေ နှိမ်ဦးလေ••ငါ့အမေကို••••
အားးးးးးဒေါ်လေး••••နုငယ်ဆီမလာနဲ့"""""""
ချစ်နုငယ်မှာ ဂယောင်ချောက်ခြားအစုံအော်နေတော့သည်။
လူကြီးတစ်ယောက်က ဒုရဲအုပ်မေူသမျှပြန်ဖြေပေးနေလေသည်။
"""ဒီလို ဗျ•••လွန်ခဲ့တဲ့သုံးရက် က မသိမ်းတိုး အိမ်ဘက်က နာနာကျင်ကျင် အော်သံကြားရတယ်
ကျုပ်လည်းမိန်းမနဲ့ရန်ဖြစ်လို့စိတ်မကြည့်တော့
သတိမထားမိဘူး"
နောက်နေ့လည်ခင်းကြီးတောင်အော်ရယ်သံ အော်ငိုသံတွေကြားရတယ်။
တစ်ခုခုဖြစ်နေပြီထင်လို့သူတို့အိမ်နားသွားကြည့်တော့
အိမ်ပိတ်လျက်ပဲ့တွေ့ရတယ်။
ဒီသုံးရက်မြောက်ညမှာ လုံးဝအိပ်မရဘူးဗျာ။
ကျွန်တော်တို့အိမ်က သူတို့နဲ့အနီးဆုံး
ဆိုတော့ ကြားနေရတယ် ထူဆန်းတာက ကျွန်တော်ပဲ့ကြားတာ
အိမ်ကြီးကပိတ်လျက်ဆိုတော့ မသင်္ကာလို့ ရဲစခန်းအကြောင်းကြားလိုက်တာပါ""""
ဟုတ်သည် ဦးသိန်းမောင် အကြောင်းကြားတာ ကြောင့်
ဒေါ်သိမ်းတိုးတို့အိမ် ဒုရဲအုပ်မိုးကိုနိုင်တို့အဖွဲ့ရောက်လာခြင်းဖြစ်သည်။
လူခေါ်ဘဲအဆက်မပြတ်နှိပ်လည်းအထဲမှ
လှုပ်ရှားသံမကြားတာ မို့တံခါးဖွင့်ဖို့လုပ်နေတုန်းမှာ
တံခါးပွင့်လာကာ ဖြူဖျော့နေသော မိန်းမတစ်ယောက်ပေါ်လာလေသည်။
"""ရှင် တို့ကဆရာဝန်လား အမေအိပ်နေတာ ကြာပြီခုမှလာကြည့်ရလား"""
အကြောင်းကြားပေးသောဦးသိန်းမောင်က
"""နုငယ် ဦးလေးလေ ဘာဖြစ်နေတာလဲ""""
""""အမေအိပ်နေတယ် ဒင်းကြောင့်"""
"""ဘယ်သူ"""
"""ဒေါ်လေးလေ့ သူ့ကိုနုငယ်လည်းရေချိုးခန်းထဲမှာ လုပ်ထားတယ် ဟင်းးးးးးးဟင်းးးးးး"""""
ဒုရဲအုပ်မိုးကိုနိုင်တို့အဖွဲ့ ချစ်နုငယ်ပြော
သော ရေချိုးခန်းအားရှာဖွေရာ
ပထမမတွေ့။နောက်တော့ပုပ်အဲ့အဲ့ အနံ့ရနေသော အသေပိတ်ထားသော အခန်းအားဖွင့် လိုက်ရာဓားချက်
များနှင့် ဖူးယောင်နေသော
ဒေါ်မြချစ်အလောင်းအားတွေ့ရလေသည်။
ထို့နောက်
အသက်ပျောက်နေသောအမေဖြစ်သူ၏ အလောင်းအားတယုတယပွတ်သပ်နေသော ချစ်နုငယ်အား
စိတ်မကောင်းစွာတွေ့ရသည်။
အမှိုက်ပုံးထဲတွင် ထိုးသိပ်ထည့်ထားသော
ဓားနှင့် ဖက်ခေါင်းအုံးကိုတော့
သက်သေခံမဖြစ်သိမ်းလာခဲ့လိုက်သည်။
ချစ်နုငယ်မှာ တော့ စိတ်မူမမှန်တော့။
အိမ်ဖေါ်မလေးသဲနုမှာ
အလောင်းတင်သွားသော ကားနှင့်
ချစ်နုငယ်အားဖမ်းခေါ်သွားသော
ကားကို ကြည့်၍ ခွေယိုင်သွားရသည်။
"""ဒါဆို•••အိမ်ပြန်ပြန် လာနေတာ ဒေါ်မြချစ်ဝိညာဉ်ပေါ့""""
သဲနုမှာ ထိုမှစ၍
ဒေါ်မြချစ်အိမ်မပြန်တော့ ရောင်းအား အကူအညီတောင်းတာ
ရရာ ကားဖြင့်ရွာကိုအပြေးပြန်လိုက်သည်။
တစ်သက်နှင့်တစ်ကိုယ် ဝိညာဉ်နှင့် တစ်မိုးအောက်တည်း
နေထိုင်ရတာ မို့အလွန် ကြောက်သွားရသည်။
ဘယ်လိုဖြစ်ပျက်သွားသည်မသိပေမယ့်
ချစ်နုငယ်ရဲ့စိတ်မနှံ့တော့သော မျက်နှာ လေးကိုတော့
သဲနု ရွာကနေမကြာခဏ မြင်ယောင်နေမိတော့သည်။
^^^~~~~~~~~~~~~~~~~~~~~~~~~~~^^^
("""""ဒေါသတည်းဟူသော စိတ်ဆင်ရိုင်းအား သတိတည်းဟူသော ချွန်းဖြင့်အုပ်တန်ရာ၏"""""")
The end.
7:45pm
Credit "mon mon khaing
No comments:
Post a Comment